အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူ ချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက်( Bank)ချိတ်။ (Home loan ).

11

(၁)( Bank) ချိတ်(Home loan)ဆိုတာ ဘာလဲ။

********************************

( Bank) ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တစ်ချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။မိမိဘက်မှ (၃၀% )ထုတ်ပြီး ချိတ်ဆက်ထားတဲ့( Bank )ဘက်မှ (၇၀%) ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

( Bank) နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ ဝန်ထမ်း

ဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ (၄)သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ( ၁၂)သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက (RC )မဟုတ်ရင်(BN )အိမ်အမျိုးအစားဖြစ်

ရပါမယ်။ ဂရံအမည်ပေါက် ဖြစ်ရပါမယ်။ မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။

(၂) ( Bank )နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေ

လိုအပ်လဲ။

(က) လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတတမ်းများ။

(၁) မှတ်ပုံတင် မိတ္တူ။ (မူရင်းပြရန်)

(၂) (Passport) မိတ္တူ။(ရှိလျှင်)

(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ။

(၄) သန်းခေါင်စားရင်းမိတ္တူ။ (မူရင်းပြရန်)

(၅) ရပ်ကွက်ထောက်ခံစာ။

(၆) စရံပေး စာချုပ်မိတ္တူ။ (မူရင်းပြရန်)

(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ ထောက်ခံစာ

(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။

(၈) ဝန်ထမ်းကတ် မိတ္တူ။(မူရင်းပြရန်)

(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် (Pay slip )(or)

( Salary slip)ရှိလျှင်။

(၁၀) အခွန်ပြေစာ(Tax slip)ရှိလျှင်။

(၁၁)( Bank Statement) (၆)လစာ တင်ပြရပါမည်။

(ခ) ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ။

(၁) မှတ်ပုံတင်မိတ္တူ။ (မူရင်းပြရမည်)

(၂)( Passport) မိတ္တူ။ (ရှိလျှင်)

(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ။

(၄) သန်းခေါင်စာရင်းမိတ္တူ။ (မူရင်းပြရမည်)

(၅) ရပ်ကွက်ထောက်ခံစာ။

(၆) စရံပေးစာချုပ် မိတ္တူ။ (မူရင်းပြရမည်)

(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်

ရှိလျှင်။ (သက်တမ်းရှိရမည်)

(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ။ (တင်ပြနိုင်လျှင်)

(၉) (Bank statement) (၆)လစာ။ (ရှိလျှင်)

(၁၀) အခွန်ပြေစာ။(ရှိလျှင်)

(ဂ) ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ။

(၁) မှတ်ပုံတင်မိတ္တူ။ (မူရင်းပြရမည်)

(၂) Passport မိတ္တူ။ (ရှိလျှင်)

(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ။

(၄) သန်းခေါင်စာရင်း မိတ္တူ။ (မူရင်းပြရမည်)

(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ။

(၆) စရံပေးစာချုပ် မိတ္တူ။ (မူရင်းပြရမည်)

(၇) ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်။ (သက်တမ်းရှိရမည်)

(၈)( Form VI),( Form XXVI), (Form E)

(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း

ဘဏ်တွင် (Mortgage Loan)(ပေါင်နှံချေးငွေ)နှင့်

ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။

(၁၀)ဘဏ္ဍာရေးရှင်းတမ်း။ (၃နှစ်စာ)(တင်ပြနိုင်လျှင်)

(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း။

(၁၂) အခွန်ပြေစာ။ (၃နှစ်စာ) (ရှိလျှင်)

~~~~~~~~~~~~~~~~~~~~~~

(၃)( Bank )ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ။

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။

(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်။

(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ။

(၄) မြေရှင်ရဲ့မိတ္တူ။(BCC စာ

(၆) ဆောက်လုပ်ခွင့်စာရွက်။

(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ။

(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း။

(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ။

စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ ဝယ်လိုတဲ့

အိမ်ကို ရာဖြတ်ဌာနမှဘဆင်းကြည့်မှာဖြစ်ပါတယ်။ အဲ့ဒါ

ပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာ ဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ (၃၀%) ထုတ်ပေးရမှာဖြစ်ပြီး (Bank)ဘက်မှ (၇၀%) ထုတ်ပေးလိုက်မှာပါ။ ထုတ်ပေးလိုက်တဲ့ (၇၀% )ကိုတော့ အတိုးနဲ့ နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံ

ကူးယူဖော်ပြပါသည်။