ကြည့်မြင်တိုင်မြို့နယ် လမ်းကျယ်ပေါ်တွင် တည်ရှိပြီး သပ်ရပ်စွာ ပြင်ဆင်ထားသော လူနေတိုက်ခန်း ဖြစ်ပါသည်။ ဧည့်ခန်းတွင် အဆင့်မြင့်မျက်နှာကြက်၊ မီးအလှဆင်စနစ်များနှင့်အတူ သစ်သားအလှကန့်စင်နှင့် နံရံကပ် TV စင်တို့ကို သေသပ်စွာ တပ်ဆင်ထားပြီး တစ်အိမ်လုံး ပါကေးခင်းထားပါသည်။ အသစ်လဲလှယ်ထားသော မီးလိုင်းများ၊ လိုက်ကာများနှင့်အတူ အဆင်သင့် ပြင်ဆင်ပြီး ဖြစ်ပါသည်။
မီးဖိုခန်းကို ကြွေပြားခင်းထားပြီး လသာဆောင်တွင် သံပန်းနှင့် ဆန်းရှိတ်များ အပြည့်အစုံ တပ်ဆင်ထားသောကြောင့် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ပါသည်။ ကားမှတ်တိုင်နှင့် ဂရန်းဟံသာ အပြည်ပြည်ဆိုင်ရာဆေးရုံ အနီးတွင် တည်ရှိကာ စာရွက်စာတမ်း အပြည့်အစုံ ပါရှိသဖြင့် ကိုယ်တိုင်နေထိုင်ရန်သော်လည်းကောင်း၊ ငှားရမ်းရင်းနှီးမြှုပ်နှံရန်အတွက်သော်လည်းကောင်း အထူးသင့်လျော်ပါသည်။