Golden City Condominium ၏ အထပ်မြင့်တွင် တည်ရှိသော ဤတိုက်ခန်းသည် သီးသန့်လသာဆောင်၊ အရည်အသွေးမြင့် ကြမ်းခင်းကြွေပြားများနှင့် ခေတ်မီဧည့်ခန်းဖွဲ့စည်းမှုတို့ ပါဝင်ပါသည်။ သီးသန့်မီးဖိုချောင်တွင် အသင့်တပ်ဆင်ထားသော ဗီဒိုများ၊ လျှပ်စစ်မီးဖိုနှင့် မီးခိုးစုပ်ခေါင်းတိုင်တို့ ပါဝင်ပြီး အိပ်ခန်းများတွင် သစ်သားကြမ်းခင်းနှင့် နံရံကပ်ဗီဒိုများ ထည့်သွင်းထားပါသည်။
ကွန်ဒိုဝင်းအတွင်း ရေကူးကန်၊ ပန်းခြံ၊ အားကစားခန်းမ၊ ကလေးကစားကွင်းနှင့် ၂၄ နာရီ လျှပ်စစ်မီးအရန်စနစ်တို့ ပါဝင်သောကြောင့် အဆင်ပြေပြည့်စုံစွာ နေထိုင်နိုင်ပါသည်။ ရန်ကင်းမြို့နယ်၏ အချက်အချာကျသောနေရာတွင် တည်ရှိပြီး ရန်ကင်းကလေးဆေးရုံကြီး၊ ရန်ကင်းမြို့မဈေးနှင့် ကမ္ဘာအေးစေတီတော်တို့သို့ လွယ်ကူစွာ သွားလာနိုင်ပါသည်။