• No results found

ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူတဲ့အခါ မိမိအမည်ပေါက် ပြောင်းရန် လုပ်ငန်းအဆင့်ဆင့်

ဂရန်အမည်ပေါက်သူထံက

တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ)က ၄၆လမ်း ( မြေယာဌာန) မှာ အရောင်း

အဝယ်စာချုပ် ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင် ကူးပေးရပါမယ်။

မြေပုံ/မြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကွက် ဓါတ်ပုံတွေနဲ့အတူ အရောင်းအဝယ်ကတိစာချုပ်မိတ္တူ၊ ရောင်းသူ/

ဝယ်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ၊ မြေပုံမြေရာဇဝင်၊ ဂရန်မိတ္တူ ​(၃)စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်

ဦးစီးဌာန)မှာ ကာလတန်ဖိုး သတ်မှတ်ပေးရန် တင်ပြရပါမယ်။ 

သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူအနေဖြင့် သတ်မှတ်ထားသည့် ဝင်ငွေခွန် ထမ်းဆောင်ရပါမယ်။

ထို့နောက်တွင်မှ ရောင်းသူမှ ရောင်းခွန် သွားရောက်ထမ်းဆောင်ရပါမည်။ 

နောက်တစ်ဆင့်အနေနဲ့ တံဆိပ်ခေါင်းခွန် ၄% ကိုထပ်မံ ထမ်းဆောင်ပြီးပါက တံဆိပ်ခေါင်းများ ရရှိလာမှာ ဖြစ်ပါတယ်။ 

အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေများ ကို မိမိ ဝယ်ယူထားသည့်မြေကွက်တည်ရှိရာ 

​​မြန်မာ့စီးပွါးရေးဘဏ် မှာ သွားရောက်ငွေသွင်းရပါတယ်။ 

မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီးဌာနကို အကြောင်းကြားပါတယ်။ 

တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။ ဖုန်းဆက်ပြီးလည်းအကြောင်းကြားတတ်ပါတယ်။

ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။

ဝယ်သူနဲ့ သက်သေ နှစ်ဦးလက်မှတ်ရေး ထိုးရပါတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေး(၀.၅%)ပေးသွင်းရပါတယ်။

မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး ( ၂ )ပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ။

ဤအဆင့်တွင် မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုခြင်းပြီးမြောက်ပါသည်။ 

ဆက်လက်ပြီးမိမိ အမည်ပေါက်ဆက်ပြောင်းလိုတယ်ဆိုလျှင်တော့ အောက်ပါအတိုင်းဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်။ 

စာချုပ်ကြီး ထုတ်ယူပြီးရင်တော့ ၄၆လမ်းရုံးရှိ မြေယာဌာနမှာ အမည်ပြောင်းရန် အတွက် အမှုတွဲ

ဖွင့်ပြီး အမည်ပြောင်းခ နှင့်အစရှိသည့်ပေးသွင်းငွေများကို ပေးသွင်းရပါမယ်။ အမှုတွဲဖွင့်ထားပြီး အချိန်အနည်းငယ် စောင့်ဆိုင်းပြီးရင် ဂရန်

အမည်ပြောင်းသည့်အဆင့်ပြီးမြောက်ပါသည်။


Tags: