• No results found

အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်း

၂၀၂၅ _ ၂၀၂၆ ခုနှစ် တန်ဖိုးဖြတ်

( ရာဖြတ်နှုန်းထား ) အ သစ်ထွက်တဲ့အတွက် ဒီနူန်းသိထားမှသာလျှင် မိမိထမ်းဆောင်ရမည့်အခွန်နူန်းထားသိရှိရမှာပါ။

အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။

(၁) ၄ - လအတွင်း ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁-နှစ် အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေ ပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃) အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄) ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅) ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆) ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇) တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလ တန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကိုတရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်းမှတ် ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်းများစွာကို ကပ်ရပါတယ် ။ 

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ( ၄ % ) ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းခွန် ကပ်ရပါတယ်။ 

အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်”သတ် မှတ်ဈေးအတိုင်းကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန် စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။ 

ငွေဖြူမရှိရင် ..

သိန်း ၃၀၀၀ အောက်       -  ၃%

သိန်း ၃၀၀၀-၆၀၀၀ အထိ - ၅%

သိန်း ၆၀၀၀-၁၀၀၀၀ အထိ - ၁၀%

 သိန်း ၁၀၀၀၀-၃၀၀၀၀ အထိ - ၁၅%

သိန်း ၃၀၀၀၀ အထက်        - ၃၀% 

တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

Tags: