သန်လျင်မြို့နယ်တွင် ခေတ်မီပြီး အဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်မည့် ဤနှစ်ထပ်နေအိမ်သည် သက်တောင့်သက်သာရှိမှုနှင့် နေ့စဉ်လူနေမှုဘဝ အဆင်ပြေစေရန် စနစ်တကျ စီစဉ်တည်ဆောက်ထားပါသည်။ အတွင်းပိုင်းတွင် ဧည့်ခန်းနှင့် သစ်သားဗီရိုများ တပ်ဆင်ထားသော မီးဖိုချောင်တို့ကို ကျယ်ဝန်းစွာ တွဲဆက်ပေးထားပြီး မျက်နှာကြက် မီးသီးများနှင့် ကြမ်းခင်းကြွေပြားကြီးများကြောင့် အလင်းရောင်ကောင်းမွန်ကာ နေချင်စဖွယ် ပတ်ဝန်းကျင်ကို ဖန်တီးပေးပါသည်။
အပေါ်ထပ်တွင် လေဝင်လေထွက်ကောင်းမွန်စေသည့် မှန်တံခါးမကြီးများနှင့်အတူ စာကြည့်စားပွဲနှင့် နံရံကပ်စင်များ၊ အံဆွဲပါ ပလက်ဖောင်းကုတင်စသည့် built-in ပရိဘောဂများကို နေရာအကျိုးရှိစွာ အသုံးပြုနိုင်ရန် ထည့်သွင်းပေးထားပါသည်။
ကွန်ကရစ်လမ်းခင်းထားသော သန့်ရှင်းသပ်ရပ်သည့် လူနေရပ်ကွက်တွင် တည်ရှိပြီး သန်လျင်တံတား၊ Pun Hlaing Clinic - Star City နှင့် သန်လျင်မြို့နယ်ရှိ အထင်ကရနေရာများ၊ ပညာရေးနှင့် စီးပွားရေးအချက်အချာနေရာများသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပါသည်။