ရန်ကင်းမြို့နယ်ရှိ ထင်ရှားသော Golden City ကွန်ဒိုမီနီယမ်၏ အထပ်မြင့်တွင် တည်ရှိပြီး ဧည့်ခန်းနှင့် ထမင်းစားခန်း တွဲလျက်ပါဝင်သော နေချင်စဖွယ် နေရာတစ်ခု ဖြစ်ပါသည်။ အရောင်တင်ကြွေပြားခင်းထားသော ဧည့်ခန်းတွင် အလှဆင်မျက်နှာကြက်မီးဆိုင်း၊ ဆိုဖာဆက်တီနှင့် မှန်စီ display စင်များပါဝင်သည့် တီဗွီနံရံကပ်စင်တို့ဖြင့် သပ်ရပ်စွာ ပြင်ဆင်ထားသည်။ မှန်လျှောတံခါးမှတစ်ဆင့် မြက်ခင်းတုခင်းထားသော လသာဆောင်ကျယ်သို့ တိုက်ရိုက်ထွက်နိုင်ပါသည်။
အခန်းတွင်းဖွဲ့စည်းမှုတွင် မာစတာအိပ်ခန်း ၁ ခန်း၊ ရိုးရိုးအိပ်ခန်း ၂ ခန်း၊ အဝတ်လဲခန်း၊ အဖွင့်မီးဖိုချောင်နှင့် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံစွာ ပါဝင်သည်။ Golden City ကွန်ဒိုမီနီယမ်၏ ရေကူးကန်၊ အားကစားခန်းမ၊ ပန်းခြံ၊ City Mart စူပါမားကတ်နှင့် ၂၄ နာရီလုံခြုံရေး အစရှိသည့် ဝန်ဆောင်မှုများကို စိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်ပါသည်။