အလုံမြို့နယ်ရှိ Hilltop Vista ကွန်ဒိုတွင် မာစတာအိပ်ခန်း ၁ ခန်း၊ ရိုးရိုးအိပ်ခန်း ၁ ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်နှင့် သီးသန့်လသာဆောင်တို့ ပါဝင်ဖွဲ့စည်းထားပါသည်။ မျက်နှာကြက်မြင့်မားပြီး ပြတင်းပေါက်ကျယ်များ တပ်ဆင်ထားသောကြောင့် နေအိမ်အတွင်း သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စေပါသည်။
ကွန်ဒိုတစ်ခုလုံးတွင် ရေကူးကန်၊ ကာယလေ့ကျင့်ခန်းမ၊ ကလေးကစားကွင်းနှင့် အစည်းအဝေးခန်းမတို့ ပါဝင်ပြီး ၂၄ နာရီ မီးစက်နှင့် လုံခြုံရေး၊ CCTV စနစ်တို့ဖြင့် အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ပါသည်။